သံဝေဂ အလင်္ကာ
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊
အိုမင်းနောက်ဆုံး ရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်းနောက်ဆုံး ရှိချေ၏။
ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊
သေခြင်းနောက်ဆုံး ရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊
ကွေကွင်းနောက်ဆုံး ရှိချေ၏။
တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊
လျှောကျနောက်ဆုံး ရှိချေ၏။
ခုံမင်ခယ၊ ချစ်သမျှကား၊
သောကနောက်ဆုံး ရှိချေ၏။
ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊
ရှုတ်ချနောက်ဆုံး ရှိချေ၏။
ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊
ဒုက္ခနောက်ဆုံး ရှိချေ၏။
Monday, November 15, 2010
Monday, August 2, 2010
ဗုဒ္ဓယဉ်ကျေးမှု သင်ခန်းစာ ( ၁+၂ )
( သြကာသ ကန်တော့ခန်း )
သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ, တရားရတနာ, သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ( မိဘ-ဆရာသမား ) တို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
( ဗုဒ္ဓပွင့်ပေါ် ကျေးဇူးတော် )
၁။ ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, မသိရ, များလှအပြစ်တွေ။
၂။ ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှ ကျေးဇူးတွေ။ ( ဗုဒ္ဓ-၁ )
( ဗုဒ္ဓဝါဒီ စွဲ၍တည်မည် )
အိုးမဖုတ်ခင်, အိုးလုပ်စဉ်တွင်, အိုးတွင်နှိပ်ခတ်, တံဆိပ်မှတ်ကား, မပြတ်မစဲ, အိုးပင်ကွဲလည်း, အမြဲတစေ, တည်ရှိနေသို့, ထွေထွေသွေးသား, ကလေးများ၌, ဘုရားတံဆိပ်, ဘာသာစိတ်ကို, ခတ်နှိပ်နိုင်မှ, သက်ဆုံးကျအောင်, ဗုဒ္ဓဝါဒီ, စွဲ၍တည်မည်, ကိုယ်စီ ခတ်နှိပ်နိုင်စေသတည်း။
( ဘုရားဖြစ်တော်စဉ် )
၁။ ပဋိသန္ဓေ ယူခန်း-
သုံးလူ့ရှင်ပင်, ကျွန့်ထိပ်တင်, သောင်းခွင်စကြဝဠာ, နတ်ဗြဟ္မာတို့, ညီညာရုံးစု, တောင်းပန်မှုကြောင့်, ရတုနဂိုရ်, ရွှန်းရွှန်းစိုသည်, ဝါဆိုလပြည့်, ကြွက်မင်းနေ့ဝယ်, ချမ်းမြေ့ကြည်ဖြူ, သန္ဓေယူသည်, နတ်လူငြိမ်းဖို့ ကိန်းပါကိုး။
၂။ ဖွားတော်မူခန်း-
သန္ဓေယူခါ, ဆယ်လကြာသော်, မဟာသက္ကရာဇ်, ခြောက်ဆယ့်ရှစ်ကြုံ, ကဆုန်လပြည့်, သောကြာနေ့ဝယ်, ချမ်းမြေ့စုံညီ, လုမ္ဗိနီ၌, မဟီလှိုက်ဆူ, ဖွားတော်မူသည်, နတ်လူအောင်မြို့ လမ်းပါကိုး။
၃။ တောထွက်တော်မူခန်း-
ဖွားမြင်မြောက်သော်, ဆယ့်ခြောက်နှစ်ရွယ်, ပျိုနုနယ်၌, သုံးသွယ်ရွှေနန်း, သိမ်းမြန်းပြီးလစ်, ဆယ့်သုံးနှစ်လျှင်, ဘုန်းသစ်လျှံလူ, စံတော်မူ၍, ရွယ်မူနုဖြိုး, နှစ်ဆယ့်ကိုးဝယ်, လေးမျိုးနိမိတ်, နတ်ပြဟိတ်ကြောင့်, ရွှေစိတ်ငြင်ငြို, သံဝေပိုက, ဝါဆိုလပြည့်, ကျားမင်းနေ့ဝယ်, ချမ်းမြေ့ရဂုံ, တောရိပ်လှုံသည်, စုံမြိုင်ပင်ရိပ် ခမ်းမှာကိုး။
၄။ ဘုရားဖြစ်တော်မူခန်း-
တောရပ်မြိုင်ပေါ်, ခြောက်နှစ်ကျော်၍, ခါတော်တဖုံ, ပွင့်ချိန်ကြုံက, ကဆုန်လပြည့်, ဆင်မင်းနေ့ဝယ်, မြေ့ပရမေ, ပလ္လင်ဗွေထက်, ရွှေညောင်တော်ကြီး, ဗိတာန်ထီးနှင့်, မငြီးကြည်ဖြူ, နေတော်မူလျက်, ရန်သူခပင်း, အမိုက်သင်းကို, အလျှင်းပယ်ဖျော်, အလင်းပေါက်က, ထွန်းတော်ဘုန်းတော်, သောင်းလုံးကျော်သည်, သုံးဖော်လူတို့ ငြိမ်းဖွယ်ကိုး။
၅။ ဓမ္မစကြာ တရားဦးဟောခန်း-
ဘုရားဖြစ်ခါ, မိဂဒါသို့, စကြာရွှေဘွား, ဖြန့်ချီသွား၍, ငါးပါးဝဂ္ဂီ, စုံအညီနှင့်, မဟီတသောင်း, တိုက်အပေါင်းမှ, ခညောင်းကပ်လာ, နတ်ဗြဟ္မာအား, ဝါဆိုလပြည့်, စနေနေ့ဝယ်, ကြွေ့ကြွေ့လျှံတက်, ဓမ္မစက်ကို, မိန့်မြွက်ထွေပြား, ဟောဖော်ကြားသည်, တရားနတ်စည် ရွမ်းတယ်ကိုး။
၆။ ပရိနိဗ္ဗာန် စံတော်မူခန်း-
တရားနတ်စည်, ဆော်ရွမ်းလည်က, သုံးမည်ဘုံသိုက်, တသောင်းတိုက်ဝယ်, ကျွတ်ထိုက်သသူ, နတ်လူဗြဟ္မာ, သတ္တဝါကို, ခေမာသောင်သို့, ဖောင်ကုတို့ဖြင့်, ဆောင်ပို့ပြီးခါ, ဝါ-လေးဆယ့်ငါး, သက်ကား ရှစ်ဆယ်, စုံပြည့်ကြွယ်က, ရာလေးဆယ့်ရှစ်, သက္ကရာဇ်ဝယ်, နယ်မလ္လာတိုင်း, စံနှိုင်းမယုတ်, ကုသိနာရုံ, အင်ကြင်းစုံ၌, ကဆုန်လပြည့်, အင်္ဂါနေ့ဝယ်, ချမ်းမြေ့နိဗ္ဗူ, စံတော်မူသည်, ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။
၇။ တေဇောဓာတ် လောင်တော်မူခန်း-
နိဗ္ဗူစံပြီ, ရှုမအီသား, သိင်္ဂီရွှေလှော်, အလောင်းတော်ကို, ထိုရော်ကဆုန်, လဆုတ်ကြုံ၍, ဂဠုန်နေ့ဝယ်, ခိုးငွေ့မနှော, ဓာတ်တေဇောလျှင်, ရှင်စောဉာဏ်စက်, ဓိဋ္ဌာန်ချက်ဖြင့်, လျှံတက်ကော်ရော်, မီးပူဇော်သည်, မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
( လယ်တီ ဆရာတော်ဘုရားကြီး )
( ဓာတ်တော် နှင့် မွေတော် )
ဗုဒ္ဓမြတ်စွာ၏ အရိုးတော်များကို ဓာတ်သဘောများ ဖြစ်သောကြောင့် ဓာတ်တော်-ဟုခေါ်ဆို၍
ဘုရားရှင်က ကိုးကွယ်ဖို့ရာ အမွေပေးခဲ့သောကြောင့် အမွေတော်-ဟုလည်း ခေါ်ပါသည်။
( မြတ်စွာဘုရား၏ နေ့ထူးနေ့မြတ် ခုနစ်နေ့ )
၁။ ပဋိသန္ဓေ ယူတော်မူသောနေ့-
မဟာသက္ကရာဇ် ၆၇-ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့ ဖြစ်ပါသည်။
၂။ ဖွားမြင်တော်မူသောနေ့-
မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖြစ်ပါသည်။
၃။ တောထွက်တော်မူသောနေ့-
မဟာသက္ကရာဇ် ၉၇-ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့ ဖြစ်ပါသည်။
၄။ ဘုရားဖြစ်တော်မူသောနေ့-
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူနေ့ ဖြစ်ပါသည်။
၅။ ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့-
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့် စနေနေ့ ဖြစ်ပါသည်။
၆။ ပရိနိဗ္ဗာန် စံတော်မူသောနေ့-
မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ ဖြစ်ပါသည်။
၇။ တေဇောဓာတ် လောင်တော်မူသောနေ့-
မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လဆုတ် ၁၂-ရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။
( မဟာဗုဒ္ဓဝင်- ပဉ္စမတွဲ ၅၅၀ )
( အကျဉ်းဆောင်ပုဒ် )
မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနစ်ထွေ။
သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့်၊ ရှင်ပင့် သာကီဆွေ။
တနည်း လင်္ကာ-
မ, သိ, ကြ, လျှင်, တွေး, ဆ, ဦး။
တနည်း လင်္ကာ-
ကြွက်-သန်၊ ပူး-ဖွား၊ ကျား-တောသွား၊ ဆင်-ဘုရားဖြစ်၊ စက်လှည့်-နာဂ၊ နိဗ်-သီဟ၊ ဂဠု-ဓာတ်မီးလောင်။
( မော်လူး )
( ရတနာသုံးဂုဏ် တို့လွှမ်းခြုံ )
အိပ်ရာဝင်သော် သတိရလို့, ဗုဒ္ဓ-ဓမ္မ-သံဃာရယ်၊
ကိုးကွယ်ပါတယ် စိတ်မှာညွတ်လို့, နှုတ်ပါတွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်လို့, မှန်မှန်မပြတ် ရွတ်ပါကွယ်၊
ဘေးအန္တရာယ် ရန်စွယ်ကင်းလို့, ကောင်းခြင်းသုခ ရလိမ့်မယ်။
ရမယ် ရမယ်။
( ဘုရားဂုဏ်တော် ၉-ပါး ပါဠိ )
ဣတိပိ သော ဘဂဝါ အရဟံ,
သမ္မာသမ္ဗုဒ္ဓေါ,
ဝိဇ္ဇာစရဏသမ္ပန္နော,
သုဂတော,
လောကဝိဒူ,
အနုတ္တရော ပုရိသ ဒမ္မသာရထိ,
သတ္ထာ ဒေဝမနုဿာနံ,
ဗုဒ္ဓေါ,
ဘဂဝါ။
( အနက် )
၁။ အရဟံ-
လွန်ကဲထူးမြတ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ-
သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို သူတပါးထံ နည်းမခံဘဲ ကိုယ်ပိုင်ဉာဏ်အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူပေသော မြတ်စွာဘုရား။
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော-
ဝိဇ္ဇာမည်သော ဉာဏ်ထူးသုံးပါး ဉာဏ်ထူးရှစ်ပါး, စရဏမည်သော အခြေခံအကျင့်တရား ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
၄။ သုဂတော-
သတ္တဝါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာ မြွက်ဆိုတော်မူပေသော မြတ်စွာဘုရား။
၅။ လောကဝိဒူ-
လောက၏အကြောင်းအရာ အလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ-
ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြားသွန်သင် ပဲ့ပြင်ဆုံးမမှု၌ အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၇။ သတ္ထာ ဒေဝမနုဿာနံ-
ချမ်းသာရကြောင်း လမ်းကောင်းညွှန်ပြ ဆုံးမတော်မူတတ်၍ လူနတ်တို့၏ ဆရာအစစ် ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ-
တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။
၉။ ဘဂဝါ-
ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တ, တန်ခိုးတော်အနန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်, ဆယ်ပါးသောဂုဏ်တော်, အနန္တဂုဏ်တော်, ကျေးဇူးတော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
( တရားဂုဏ်တော် ၆-ပါး ပါဠိ )
သွာက္ခာတော ဘဂဝတာ ဓမ္မော,
သန္ဒိဋ္ဌိကော,
အကာလိကော,
ဧဟိပဿိကော,
သြပနေယျိကော,
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
( သံဃာ့ဂုဏ်တော် ၉-ပါး ပါဠိ )
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော,
အာဟုနေယျော,
ပါဟုနေယျော,
ဒက္ခိဏေယျော,
အဉ္ဇလိကရဏီယော,
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။
ref: http://www.dhammaflavour.net/2009/09/blog-post_5718.html

ဗုဒ္ဓဘာသာ ဝင်ငါးမျိုး
အောက်တန်းစား ဗုဒ္ဓဘာသာ
(၁) ကုလ ဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
(၂) လာဘ ဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
(၃) ဘယ ဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
အလတ်တန်းစား ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
အထက်တန်းစားဗုဒ္ဓဘာသာ
(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
ref: ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင် ဖြစ်သနည်း.... သိပါသလား

Wednesday, June 9, 2010
သြဝါဒများ
လယ်တီဆရာတော်
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း
ပါယ်လေးဝ သောကဘုံမှာ
မျောရရုံရှိတော့မခန်း
အောက်ဝီစိ သောင်းအငူမှာ
ခေါင်းမပြူစတမ်း
နှစ်အရှည် နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာထင် အလင်းရယ်နှင့်
နင်အဖျင်းပိုထက်သာပို
သည်လောဘ စရိုက်အိုကို
မလိုက်လိုရှောင်ပစ်လို့
နောင်အသစ်တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာတုန်းမှာ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား
မန်လည်ဆရာတော်
ကျီးနက်မိုက်ခေါင်၊ ဆင်သေကောင်ထက်၊ သောင်ကိုမလှမ်း၊
ကမ်းကိုမသက်၊ အပုပ်မက်၍၊ စီးလျက်စားကာ၊ လိုက်လေပါက၊
သမုဒ္ဒရာရောက်ဆိုက်၊ လှိုင်းဝဲရိုက်၍၊ ရေ၌မွန်းနစ်၊ ငါးစာဖြစ်သို့၊
စင်စစ်မှတ်ဆောင်၊ လူတို့ဘောင်ဝယ်၊ အိမ်ထောင်ဝဋ်ထဲ၊ သေအောင်စွဲ၍၊
အမြဲနေငြား၊ သားမယားနှင့်၊ ခံစားကာမ၊ လူထိုမျှကို၊
ကာကပညာ၊ ကျီးပမာဟု၊ မဟာဝိသုဒ်၊ မြတ်သမ္ဗုဒ်တို့၊ ရွှေနှုတ်လှစ်ချွေ၊ ဟောခဲ့ပေ၏။
အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော်
ခရီးကရှည်၊ အရူးတွေ
စားရေးကသိုး၊ အဖော်ကဆိုးသနဲ့
အမျိုးမျိုး ကာမဂုဏ်၊
အာရုံတွေ အလွန်နှောက်တာကြောင့်
အပါယ်ဘုံ အခါခါရောက်သော်လည်း
လွတ်မြောက်ဖို့ဝေး

Friday, May 28, 2010
ဘုရားလောင်း ဖွားမြင်စ
မဟောသဓာဘုရားလောင်း ဖွားမြင်သော် ထိုဘုရားလောင်း၏ လက်၌ သိကြားမင်း လာ၍ ထားအပ်သော စန္ဒကူးနှစ်ကို မိခင်သူဌေးကတော်ကြီး မြင်၍ “ချစ်သား၊ သင်ချစ်သားသည် အဘယ်ဝတ္ထုကို ယူ၍ လာသနည်း”ဟု မေးလေရာ “မိခင်၊ ဆေးပါတည်း”ဟု ဆို၏။
ဝေဿန္တရာမင်းအဖြစ် မယ်တော်ဖုဿတီမိဖုရားဝမ်းမှ ဖွားမြင်ကာစ၌ လက်ယာလက်ကို ဆန့်တန်း၍ “မယ်တော်မိခင် ရွှေနန်းရှင်၊ ရွှေနန်းတော်၌ တစ်စုံတစ်ခုသော ဥစ္စာသည် ရှိပါ၏လော။ အလှူကို လှူပါအံ့”ဟု ဆို၏။ ထိုအခါ မယ်တော်မိဖုရားကြီးက “ချစ်သား၊ သင်ချစ်သားသည် ဥစ္စာရှိသော အမျိုး၌ ဖြစ်၏”ဟု ဆို၍ သားတော်၏ လက်ကို မိမိ၏လက်ဖဝါးအပြင်၌ တင်သည်ကို ပြု၍ ဥစ္စာတစ်ထောင်ထုပ်ကို ထားပေ၏။

Friday, May 21, 2010
ဒုစရိုက်တရား (၁၀) ပါး
(ဒု-မကောင်းသော၊ စရိုက်-အကျင့်)
၁။ ကိုယ်ဖြင့်ကျုးလွန်သော (ကာယကံ) ဒုစရိုက်များမှာ
(၁) သူတစ်ပါး အသက်ကိုသတ်ခြင်း (ပါဏာတိပါတကံ)
(၂) သူတစ်ပါး ဥစ္စာခိုးယူခြင်း (အဒိန္နာဒါနကံ)
(၃) သူတစ်ပါး သားမယားပြစ်မှားခြင်း (ကာမေသုမိစ ္ဆာစာရကံ) နှင့်သေရည်သေရက်သောက်ခြင်း
၂။ နှုတ်ဖြင့်ပြစ်မှားသော (ဝစီကံ) ဒုစရိုက်များမှာ
(၄) လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ)
(၅) ကုန်းတိုက်စကားဆိုခြင်း (ပိသုဏဝါစာ)
(၆) ကြမ်းတမ်းညစ်ညမ်းသော စကားဆိုခြင်း (ဖရုဿဝါစာ)
(၇) အချည်းနှီး ပြိန်ဖျင်းသောစကားပြောဆိုခြင်း (သမ္ဖပ္ပလာပဝါစာ)
၃။ စိတ်ဖြင့် ကျုးလွန်သော (မနောကံ) ဒုစရိုက်တရားများမှာ
(၈) အခြားလူများ၏ စည်းစိမ်ချမ်းသာကို မိမိစည်းစိမ်ဖြစ်ရန်ကြံစည်ခြင်း (အဘိဇ္ဈာ)
(၉) သူတစ်ပါး ပျက်စီးဆုံးရှုံးစေရန် ကြံစည်ခြင်း (ဗျာပါဒ)
(၁၀) အယူလွဲမှားခြင်း (မိစ္ဆာဒိဋ္ဌိ) တို့ပင်ဖြစ်လေသည်။
ဒုစရိုက်တရား (၁၀) ပါး ၊ ပွား (၄၀)
(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ဝမ်းမြောက် (၁၀) ပါး
သုစရိုက်တရား (၁၀) ပါး
(သု-ကောင်းသော၊ စရိုက်-အကျင့်)
ဒုစရိုက်တရား (၁၀) ပါးကို ရှောင်ကြဉ်ခြင်းသည် သုစရိုက်တရား (၁၀) ပါးပင်ဖြစ်ပါသည်။

Monday, April 26, 2010
၃၈-ဖြာမင်္ဂလာတရားတော်
၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး
(၁) အသေဝနာစ ဗာလာနံ - လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
(၂) ပဏ္ဍိတာနဉ္စ သေဝနာ - ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
(၃) ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း
ဧတံမင်္ဂလမုတ္တမံ - ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတာနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၂။ နေရေးထိုင်ရေးမင်္ဂလာ ၃-ပါး
(၄) ပတိရူပ ဒေသဝါသော စ - သင့်လျော်သောအရပ်၌နေရခြင်း
(၅) ပုဗ္ဗေစ ကတပုညတာ - ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း
(၆) အတ္တသမ္မာပဏိဓိ စ - မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင်ထိန်းခြင်း

ကုသိုလ်ပညာဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဘူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၃။ သင်ကြားရေးမင်္ဂလာ ၄-ပါး
(၇) ဗာဟုသစ္စဉ္စ - လောကီလောကုတ် အကြားအမြင်များခြင်း
(၈) သိပ္ပဉ္စ - စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း
(၉) ဝိနယောစသုသိက္ခိတော - လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာ သင်ကြားနားလည်ခြင်း
(၁၀) သုဘာသိတာစ ယာဝါစာ - အပြောအဆိုချိုသာယဉ်ကျေးခြင်း
ဧတံမင်္ဂလမုတ္တမံ - ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၄။ ပြုစုရေးမင်္ဂလာ ၃-ပါး
(၁၁) မာတာပိတု ဥပဋ္ဌာနံ - မိဘ ၂ပါးကို လုပ်ကျွေးပြုစုခြင်း
(၁၂) ပုတ္တဒါရဿ သင်္ဂဟော - သားမယားတို့ကို တရားနှင့်အညီလုပ်ကျွေးခြင်း
(၁၃) အနာကုလာစ ကမ္မန္တာ - အနှောက်အရှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း

မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာသားနှင့်မယား၊ မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင်လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၅။ လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄-ပါး
(၁၄) ဒါနဉ္စ - စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
(၁၅) ဓမ္မစရိယာ - သုစရိုက်တရားကိုကျင့်ခြင်း
(၁၆) ဉာတကာနဉ္စသင်္ဂဟော - ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
(၁၇) အနဝဇ္ဇာနိ ကမ္မာနိ - အပြစ်ကင်းသော အမှုတို့ကိုပြုရခြင်း

သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သူစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုးလူထုကျိုး၊ သည်ပိုးဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၆။ ရှောင်ကြဉ်ရေးမင်္ဂလာ ၄-ပါး
(၁၈) အာရတီ - မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း
(၁၉) ဝိရတီပါပါ - မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
(၂၀) မဇ္ဇပါနာစ သံယမော - မှုးယစ်သေစာ မသောက်စားခြင်း
(၂၁) အပ္ပမာဒေါစ ဓမ္မေသု - ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း

မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်ကရှောင်ကြဉ်လေ
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
ရ။ စိတ်ထားရေးမင်္ဂလာ ၅-ပါး
(၂၂) ဂါရဝေါစ - ရိုသေထိုက်သောသူတို့ကို ရိုသေရခြင်း
(၂၃) နိဝါတောစ - မိမိကိုယ်ကို နှိမ်ချရခြင်း
(၂၄) သန္တုဋ္ဌိစ - ရောင့်ရဲလွယ်ခြင်း(လောဘအပိုအလိုမလိုက်ခြင်း)
(၂၅) ကတညုတာ - သူတစ်ပါးကျေးဇူးကိုသိခြင်း
(၂၆) ကာလေနဓမ္မဿဝနံ - သင့်လျော်သောအခါ တရားနာခြင်း
ဧတံမင်္ဂလမုတ္တမံ - ဤငါးပါးသည် မြတ်သောမင်္ဂလာမည်၏။
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၈။ သည်ခံရေးမင်္ဂလာ ၄-ပါး
(၁၇) ခန္တီစ - သည်းခံရခြင်း
(၂၈) သောဝစ္စဿတာ - ဆုံးမလွယ်ရခြင်း
(၂၉) သမဏာနဉ္စဒဿနံ - ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း
(၃၀) ကာလေနဓမ္မသာကစ္ဆာ - သင့်လျော်သောအခါ တရားဆွေးနွေးခြင်း

ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို၊ ပြောကြားလာက နားလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်ဟူသမျှ၊ မကြာခဏတွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၉။ ခြိုးခြံချွေတာရေးမင်္ဂလာ ၄-ပါး
(၃၁) တပေါစ - ခြိုးခြံချွေတာခြင်း
(၃၂) ဗြဟ္မစရိယဉ္စ - မြတ်သောအကျင့်ကို ကျင့်ခြင်း(မေထုန်မှရှောင်ခြင်း)
(၃၃) အရိယာသစ္စာနဒဿနံ - သစ္စာလေးပါးကို သိခြင်း
(၃၄) နိဗ္ဗာန သစ္ဆိကိရိယာစ - နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း

လောကီအာရုံ ဇိမ်ယစ်မှုးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
၁၀။ စိတ်ထားခိုင်ခံံ့ရေးမင်္ဂလာ ၄-ပါး
(၃၅) ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿန ကမ္ပတိ - လောကဓံတရားနှင့် တွေ့ကြုံသောအခါ၊ တုန်လှုပ်သောစိတ် မရှိခြင်း
(၃၆) အသောကံ - မစိုးရိမ်ခြင်း
(၃၇) ဝိ၇ဇံ - ကိလေသာမြူကင်းခြင်း
(၃၈) ခေမံ - ဘေးကင်းခြင်း

ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်းပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရောကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည်ကိန်းသေ။
အဲ့ဒါကြောင့် ပန်ကြ ဆင်ကြ ၊ မင်္ဂလာ့ ပန်းခိုင်တွေ။

Saturday, February 20, 2010
လောကသာရဆုံးမစာ
ကန်တော်မင်ကျောင်းဆရာတော် (မြန်မာ ၈၁၀ -၈၇၅)
(၁) အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။
(၂) သက်ကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကြုံ့သို့၊ နှုတ်တုံ့မဝံ့၊ စောင်မာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ကောင်းတေနှလုံးရှည်စေမင်း။
(၃) ကိုယ်နှုတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တဝါကို၊ မေတ္တာသက်ပေ၊ လှူဖို့ဝေ၍၊ စိတ်စေကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာစီးပွား၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍၊ မြဲပင်စင်းလျင်းပေါင်းယှဉ်မင်း။
(၄) ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ ရှောင်လွဲဖဲကြဉ်နိုင်စေမင်း။
(၅) ပါဏာတိပါတ်၊ မသတ်သူ့သက်၊ ခိုးဝှက်မမူ၊ မယူသေစာ၊ အိမ်ရာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရည်၍၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း၊ မျက်မာန်မပြင်း ကောင်းစေမင်း။
(၆) မိခင်ဖခင်၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကျွေးခယ၊ ရိုတုပ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍၊ ခပ်သိမ်းမယွင်းငြိမ်းစေမင်း။
(၇) ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍၊ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တစ်ချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာထံ၌၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသိမြင် ကြွယ်စေမင်း။
(၈) ဘေးဘိုးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလေ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူကောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ မှတ်ကျက်လေ့၍၊ ချောသွေ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ရက်ရက်မယုံလွယ်စေမင်း။
(၉) လုံ့လပညာ၊ လိမ်မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ စိတ်ကောင်းသံလျက်၊ လုပ်ကြံသေသတ်၊ ယောက်ျားမြတ်တို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်း ချမ်းသာ၊ စီးပွားလာ၏။ ပညာချို့တဲ့၊ လုံ့လမဲ့ဟု၊ ကဲ့ရဲ့သြင်္ဂိုဟ်၊ လူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဖွဲ့သို့၊ လူသွမ်းတို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျင်၊ ရှိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါတို့နေရာ၊ စီးပွားလာဟု၊ ကြမ္မာကိုချဉ်း၊ မှတ်ထင်ရည်းရှင့်၊ ကျင့်နည်းသွမ်းဆုံး၊ သူပျက်ထုံးကို၊ နှလုံးမငြိတွယ်စေမင်း။
(၁၀) စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုံးတောင်ပို့၊ ဖို့သည်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တက်လှစေလော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍။ ကြွယ်မှုတတ်ဆုံး၊ သေဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍၊ သူ့ထက်လွန်ကဲကြွယ်စေမင်း။

Monday, January 4, 2010
အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာ
၁။
သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။
၂။
ရွှေအိမ်နန်းနှင့်၊
ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊
သမုဒ္ဒရာ၊
ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွက်ပမာ၊
တစ်သက်လျာတည်း။
၃။
ကြင်နာသနား၊
ငါ့အားမသတ်၊
ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊
လူတကာတို့၊
ခန္ဓာခိုင်ကျည်၊
အတည် မမြဲ၊
ဖေါက်လွှဲတတ်သည်၊
မချွတ်စသာ၊
သတ္တဝါတည်း။
၄။
ရှစ်ခိုးကော်ရော်၊
ပူဇော်အကျွန်၊
ပန်းခဲ့တုံ၏၊
ခိုက်ကြုံ ဝိပါက်၊
သံသာစက်၌၊
ကြိုက်လတ်တုံမူ၊
တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊
ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊
ခွင့်လျှင်ပေး၏၊
သွေးသည ်အနိစ္စာ၊
ငါ့ခန္ဓာတည်း။
(အနန္တသူရိယ၊ မှန်းနန်းမဟာရာဇဝင်တော်ကြီး၊ ပထမတွဲ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ ၁၉၉၂-ပထမအကြိမ်၊ စာ-၃၁၆)

Subscribe to:
Posts (Atom)