Thursday, August 9, 2012

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး

အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍


“အကျွနု်ပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။


“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။


ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွနု်ပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။

အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။


ထိုခုနှစ်မျိုးမှာ ...

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊

၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။

၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊

၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊

၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။


မည်သူမဆို ဤအလှူဒါနခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။



ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်ရာများ

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရား (၅) ဆူ

၁။ ကကုသန်မြတ်စွာဘုရား

၂။ ကောဏာဂုံမြတ်စွာဘုရား

၃။ ကဿပမြတ်စွာဘုရား

၄။ ဂေါတမမြတ်စွာဘုရား

၅။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား


သာသနာတော် (၃) ရပ်

၁။ ပရိယတ္တိ သာသနာ = ပိဋိကတ်စာပေသင်ကြားခြင်း

၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း

၃။ ပဋိဝေဒ သာသနာ = ထိုးထွင်း၍ သိခြင်း


ရတနာ (၃) ပါး

၁။ ဘုရား

၂။ တရား

၃။ သံဃာ


အနှစ် (၃) ပါး

၁။ ဒါန

၂။ သီလ

၃။ ဘာဝနာ


ပစ္စည်း (၄) ပါး

၁။ ဆွမ်း

၂။ ဆေး

၃။ သင်္ကန်း

၄။ ကျောင်း


ပါရမီ (၁၀) ပါး

၁။ ဒါန = ပေးလှူခြင်း ။

၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း ။

၃။ နေက္ခမ္မ = ကိလေသာတောမှထွက်ခြင်း ။

၄။ ပညာ = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း ။

၅။ ဝီရိယ = အားစိုက်ကြိုးစား လုံ့လရှိခြင်း ။

၆။ ခန္တီ = သည်းခံခြင်း ။

၇။ သစ္စာ = ဖြောင့်မတ်/မှန်ကန်ခြင်း ။

၈။ အဓိဋ္ဌာန် = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ ။

၉။ မေတ္တာ = စင်ကြယ်သောချစ်ခြင်း ။

၁၀။ ဥပေက္ခာ = လစ်လျူရှုခြင်း/အသင့်အားဖြင့် ။


စေတနာ (၃) တန်

၁။ ပုဗ္ဗ = ကြိုတင်စေတနာ (မွေးစကနေ အသက် ၃၀ အတွင်း အကျိုးပေးပါတယ် ..)

၂။ မုဉ္စ = ပြုဆဲစေတနာ (အသက် ၃၀ ကနေ ၆၀ အတွင်း အကျိုးပေးပါတယ် .. )

၃။ ပရ = ပြုပြီးစေတနာ (အသက် ၆၀ ကနေ သေတဲ့အချိန်ထိ အကျိုးပေးပါတယ် ..)


ကံ (၃) ပါး

၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း

၂။ ဝစီကံ = နှုတ်ဖြင့်ပြုခြင်း

၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း


အပါယ် (၄) ပါး

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ

၄။ အသူရကာယ်


ကပ် (၃) ပါး

၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်

၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်

၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်


ရပ်ပြစ် (၈) ပါး

၁။ ငရဲ = ချမ်းသာမှု အလျဉ်းမရှိသော အရပ်။

၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျောပေးသော သတ္တဝါ။

၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသော သတ္တဝါ။

၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ။

၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံအုံခြား အရပ်။

၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု။

၇။ ဝိကလိန္ဒြိယ = သစ္စာလေးပါးတရားကို နာကြားရသော်လည်း ဆွံ့အ နားပင်း၍ တရားမသိသူ။

၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သောကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။


ရန်သူမျိုး (၅) ပါး

၁။ ရေ

၂။ မီး

၃။ မင်းဆိုး

၄။ သူခိုး

၅။ မချစ်မနှစ်သက်သောသူ


ဝိပတ္တိတရား (၄) ပါး

၁။ သီလဝိပတ္တိ = သီလပျက်ခြင်း

၂။ ဒိဋ္ဌိဝိပတ္တိ = အယူပျက်ခြင်း

၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း

၄။ အာဇီဝဝိပတ္တိ = အသက်မွေးမှုပျက်ခြင်း


ဗျသနတရား (၅) ပါး

၁။ ဉာတိဗျသန = ဆွေမျိုးဉာတိတို့ သေကျေပျက်စီးခြင်း။

၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း။

၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း။

၄။ သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း။

၅။ ဒိဋ္ဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း။


ကိလေသာ (၃) ပါး

၁။ လောဘ

၂။ ဒေါသ

၃။ မောဟ


တဏှာ (၃) ပါး

၁။ ကာမ တဏှာ = ကာမဂုဏ်တရားတို့ကို စွဲလမ်းခြင်း။

၂။ ဘဝတဏှာ = ဘဝကိုစွဲလမ်းသော သဿတဒိဌိနှင့်ယှဉ်သည့် တဏှာ။

၃။ ဝိဘဝတဏှာ = ဥစေ ္ဆဒဒိဌိနှင့်ယှဉ်သော ဘဝမရှိဟူသော တဏှာစွဲလမ်းခြင်း။


ကာလ (၃) ပါး

၁။ အတိတ် = လွန်ခဲ့သောကာလ

၂။ ပစ္စုပ္ပါန် = လက်ရှိကာလ

၃။ အနာဂတ် = နောင်ကာလ


အဂတိတရား (၄) ပါး

၁။ ဆန္ဒ

၂။ ဒေါသ

၃။ ဘယာ

၄။ မောဟ


မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား (၄) ပါး

၁။ ဣတ္တိဓုတ္တ = မိန်းမလိုက်စားခြင်း။

၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း။

၃။ အက္ခဓုတ္တ = လောင်းကစားခြင်း။

၄။ ပါပမိတ္တသဟ = ယုတ်မာသောမိတ်ဆွေနှင့် ပေါင်းဖော်ခြင်း။


သရဏဂုံ (၃) ပါး

၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ = မြတ်စွာဘုရားကို ကိုးကွယ်ရာဟူရျ် ဆည်းကပ်ခြင်း။

၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ = တရားတော်မြတ်ကို ကိုးကွယ်ရာရျ် ဆည်းကပ်ခြင်း။

၃။ သံဃံ သရဏံ ဂစ္ဆာမိ = သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူရျ် ဆည်းကပ်ခြင်း။


သရဏဂုံပျက်ရသောအကြောင်း (၂) ပါး

၁။ မိစ္ဆာဒိဋ္ဌိအယူကိုပြောင်းယူခြင်း

၂။ သေဆုံးခြင်း


သရဏဂုံမပျက်ရသော အကြောင်း(၃)ပါး။

၁။ ဒိဌိတို့အား အဆွေအမျိုးတည်းဟု ရှိခိုးသော်လည်း ရှိပြီး သရဏဂုံ မပျက်။

၂။ အတတ်သင်သော တိတ္ထိတို့အား ဆရာဟု ရှိခိုးသော်လည်း မပျက်၊ (၃)မင်းဧကရာဇ်တို့အား ကြောက်သဖြင့် ရှိခိုးသော်လည်း မပျက်။


အာရုံ (၆) ပါး ကာမဂုဏ်တရားများ

၁။ ရူပါရုံ = အဆင်းအာရုံ

၂။ သဒ္ဒါရုံ = အသံအာရုံ

၃။ ဂန္ဓာရုံ = အနံ့အာရုံ

၄။ ရသာရုံ = အရသာအာရုံ

၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အာရုံ

၆။ ဓမ္မာရုံ = တရားသဘောအာရုံ


ပိဋကတ် (၃) ပုံ

၁။ သုတ္တန်

၂။ ဝိနည်း

၃။ အဘိဓမ္မာ


ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ

မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒ္ဓေါဓန

မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ

မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလဝတ်

မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား

မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ

မြတ်စွာဘုရား၏ သားတော် = ရာဟုလာ

မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက် = မောင်စံ၊ ခန္ဓိကမြင်း၊ ကာဋ္ဌုဒါရီအမတ်၊ ရွှေအိုးကြီးလေးလုံး၊ ညီတော် အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်


သံဝေဇနိယ (၄) ဌာန

၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုမ္ဗနီဥယျာဉ်

၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ

၃။ ဓမ္မစကြာတရားဦးဟောတော်မူသေနေရာ = မိဂဒါဂုန်တော

၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ